Wednesday, August 6, 2014

အဂါရ၀ပြုသည်ဆိုသည့် အထက(၁) မော်လမြိုင် မှ ကျောင်းအုပ်ဆရာမကြီးကို စတင်စစ်ဆေး

ဂါရ၀မဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည် ဆိုသည့် အထက(၁)မော်လမြိုင်မှ ကျောင်း အုပ်ဆရာမကြီး ဒေါ်မိမိကြည် ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ သြဂုတ် ၅ ရက်တွင် စတင်စစ် ဆေးနေပြီဖြစ်ကြောင်း သတင်း ရရှိသည်။
အမှတ် (၁) အခြေခံပညာ ဦးစီးဌာနက မွန်ပြည်နယ် မော်လ မြိုင်မြို့ အထက(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိ ကြည်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စုံစမ်းစစ်ဆေးရန်ပေးရန် ညွှန်ကြားစာကို သြဂုတ် ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်သည် ကျောင်းတွင်း အစည်းအဝေးများတွင် ထိုင်ခုံ တစ်ခုံသာထားရှိ၍ အဆိုပါထိုင်ခုံ ၌ ၎င်းက ထိုင်ပြီး ကျန်ဆရာ၊ ဆရာမများကို ကြမ်းပြင်တွင်ထိုင် စေကာ အစည်းအဝေးလုပ်ခြင်း၊ ဆရာ၊ ဆရာမများအား ရုန့်ရင်း ကြမ်းတမ်းသည့် စကားများဖြင့် အော်ငေါက်ပြောဆိုခြင်း၊ နံဘေး ရှိ အရာဝတ္ထုများဖြင့် ပစ်ပေါက် ခြင်းများ ပြုလုပ်လေ့ရှိကြောင်း အဆိုပါကျောင်းမှ ဆရာမများက ပြောသည်။
‘‘ဒီလိုအဖြစ်မျိုးက အရင်က မဖြစ်ဖူးဘူး။ ဒါက ရှေးဦးစုံစမ်း စစ်ဆေးတာပဲ ရှိသေးတယ်။ သူ့ ရဲ့ အပြစ်ရှိ၊ မရှိဆိုတာကို မသိ သေးဘူး။ ဆရာမကြီးကတော့ ဒီ လိုမျိုး အမူအကျင့်တွေ ကျူးလွန် ခဲ့တယ်ဆိုရင်တော့ သူ့ရဲ့ သက် သေထွက်ဆိုချက်တွေအရ ပြစ်မှု ထင်ရှားတယ်ဆိုရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရမှာပါ’’ ဟု အမှတ် (၁) အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူး (စီမံ) ဦးညွန့်စိုးက ပြောသည်။
ဇူလိုင် ၃၀ ရက်တွင် ကျောင်း အုပ်ဆရာမကြီး ဒေါ်မိမိကြည်ဆူပူငေါက်ငမ်းခဲ့သော ကြောင့် နှလုံးအခံမကောင်းသည့် သတ္တမတန်းနှင့် အဋ္ဌမတန်းမှ အင်္ဂလိပ်ဘာသာသင် ဆရာမနှစ်ဦးဖြစ်သည့် ဒေါ်ခင်နုဆွေနှင့် ဒေါ်သီသီမြင့်တို့ ရှော့ခ် (Shock) ရရှိပြီး ဆေးရုံသို့ပင် ပို့ဆောင်ပေးခဲ့ရကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပုံနှင့်တကွ ပျံ့နှံ့နေသည်။
‘‘အရင်တုန်းက ကျောင်းအုပ် ငါးဆက်လုံး အဲဒီလိုတွေ မရှိခဲ့ ဘူး။ သူက တစ်နေ့တစ်မျိုး မရိုး အောင် နေ့တိုင်း ဆရာမတွေကို ဖိအားပေးတယ်။ စိတ်မလိုရင် ဖုန်းနဲ့ ကောက်ပေါက်တာတို့၊ ဖန် ခွက်နဲ့ ကောက်ပေါက်တာတို့ လုပ်တယ်။ အဲဒီနေ့က သူက အော်တော့ တခြားလူတွေက တော့ ခံနိုင်ရည်ရှိတာပေါ့။ ဆရာ မက ခံနိုင်ရည်မရှိတော့ အခန်းအ ပြင်ထွက်တော့ ရင်ဘတ်ထဲစူးပြီးအောင့်လာတယ်။ ပြီးတော့ သတိလစ်သလိုဖြစ်သွားတာ’’ ဟု ဆေးရုံသို့ ရောက်သွား ခဲ့ရသည့် အဋ္ဌမတန်း အင်္ဂလိပ်စာဆရာမ ဒေါ်ခင်နုဆွေက ပြောသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်၏ ဂါရ၀မဲ့အပြုအမူ၊ လုပ်ဆောင်ချက်များနှင့် ပတ် သက်ပြီး ပြစ်မှုထင်ရှားပါက ဌာန ဆိုင်ရာ စစ်ဆေးမှုဖြင့် ထပ်မံစစ် ဆေးသွားမည်ဖြစ်ပြီး ပြစ်ဒဏ် အတိမ်အနက်အလိုက် ဌာနဆိုင် ရာ ပြစ်ဒဏ် ခုနစ်မျိုးဖြင့် အပြစ် ပေးအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမှတ် (၁) အ ခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး(စီမံ) ဦးညွန့်စိုးက ပြောကြားသည်။

တောင်ပြုံးပွဲ ပျော် မိန်းမရှာများ ပုဒ်မ ၁၄၄ ကို ဆန္ဒပြမည်..


မြန်မာပြည်အထက်ပိုင်းတွင် နတ်ကိုးကွယ်ယုံကြည့်မှု ကြီးကြယ်ခမ်းနားဆုံးပွဲတော်ကြီး တစ်ခုဖြစ်သော ကိုယ်တော်ကြီး၊ကိုယ်တော်လေး (တောင်ပြုံး) ပွဲပျော် မိန်းမရှာများ ပုဒ်မ ၁၄၄ ကို ကန့်ကွက် ဆန္ဒပြမည်ဖြစ်ကြောင်း မိန်းမရှာအသိုင်းအ၀ိုင်းမှ သိရသည်။
“ ရှင်ပဲ စဉ်းစားကြည့်လေ..ကျွန်မတို့ မိန်းမရှာတွေ ကျုံးဘေး ဆိုလဲ မသွားရ၊ ဟိုနေရာ ဆိုလဲမလာရနဲ့ လူ့အခွင်အရေး တန်းတူမရကြဘူး။ ကျွန်မတို့ရဲ့ မျှော်လင့်တောင်းတနေ တဲ့ တောင်ပြုံးပွဲတော်မှာ သူငယ်အ၀စားမယ်လို့ စိတ်ကူးထားပေမဲ့ အခု ဒီ ပုဒ်မ ၁၄၄ ကြောင့် တစ်ညလုံးမစားရဘူး။သူငယ်တွေက ၁၀ နာရီ အိမ်အရောက်ပြန်ရမှာဆိုတော့ အမြန်ပြန်ကြတာပေါ့။ဒီနှစ် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဘူး ။ဒါကြောင့် ဒီပုဒ်မ ၁၄၄ ကို ကန့်ကွက် ဆန္ဒပြမယ်” ဟု ဦးပိန်တံတားတွင် သူငယ်ဖမ်းရင်း ဒူးပွန်းခဲ့သော အမရပူရမြို့နယ်နေ မယ်ညီ (ညီညီဇော်) က ရှည်လျားသည့် လက်သည်းများကို ဆေးဆိုးရင်း ရင်တွင်းခံစားချက်များကို ပြောရှာသည်။
အသားအရည် မည်းသော်လည်း စိတ်ထားဖြူစင်ပါတယ်လို့ ခံယူထားသော မာမီမဲ (မန်းကိုကို) က “ ကျွန်မက အသားမဲတော့ နေ့ခင်းဘက်မှာ အလုပ်မဖြစ်ဘူးလေ။ ညခင်းမှောင်မိုက်တဲ့ အချိန်လေးကို အားကိုးပြီး သူငယ်စားနေရတာ။အခု ဒီ ၁၄၄ ကြောင့်သူငယ်တွေ အစောကြီးပြန်ကုန်ကြတော့ အ၀မစားရတောပေါ့။ တစ်ယောက် တစ်လေတော့ စားရတယ်။ဟပ်ဖီးကြီးဖြစ်နေတာပေါ့” ဟု ရေချိုးရန် အတွက် လုံချည်ရင်ရှားဖြင့် အသားအရည်များကို ပြရင်းပြောရှာသည်။
မိန်းမရှာစိတ်ဖြစ်နေပေမဲ့ မိန်းမယူထားပြီး ကလေးတစ်ယောက်မွေးထားသော နန်းတော်ရှေ့နေ မာမီခိုင် (ကိုအိမ်ခိုင်မြဲ) က “ တို့လေ ၁၄၄ ကို အရမ်းမုန်းတယ်သိ လား။တောင်းပြုံးပွဲတော်စဆုံးထိ အိမ်က မိန်းမက ခွင့်ပြုထားပေမဲ့အခုကြည့်လေ ဘယ်သူငယ်တွေလာလို့လဲ။ ငံပြာရည်မတွေကြည့်ပဲတွေ့နေရတယ်။တို့တစ်ကယ် ရင်ခုန် တဲ့သူငယ်လေးကလဲ နန်းမှာညအိပ်ပါဆို မအိပ်ဘူး။ အရင်နှစ်တွေတုန်းကဆို ရင် ည တစ်နာရီ နှစ်နာရီမှ ပြန်တယ်။အခုတော့ ၉ နာရီလောက်ဆိုရင်ပြန်သွားကြပြီ တို့ ၁၄၄ ကို ကန်ကွ့က်ကြောင်းစုပေါင်း လက်မှတ်ထိုးကြမယ်” ဟု သနပ်ခါးကြိုက်တက်သဖြင့် ရှင်မတော်သနပ်ခါး ကို ပါးပြင်မှာ လိမ်းရင်း ပြောရှာသည်။
အပျော်အပါးလိုက်စားပေမဲ့ ကျန်းမာရေးကို ဂရုစိုက်တက်သော မိန်းမရှာ မိဇော် (ဇော်ဇော် ဒီနားယား ) က “ တို့က တောင်ပြုန်းမှာ သုံးဖို့ အဖော်တွေကို ကပ်လိုက် ၀ယ် ထားခဲ့ရတာ အခုတော့ အဲဒါတွေအလကားဖြစ်ကုန်တယ်။တစ်ချို့ တစ်ဝက်ကို တော့ ဘောလုံးမှုတ်ပြီး ဆော့ကြတယ်။ တစ်ချို့ကိုတော့ ခေါင်းဆီးကြိုးလုပ် ပစ်လိုက်တယ်” ဟု အဖော်များကို ဘောလုံးပုံသဏ္ဍန် လက်တွေ့ မှုတ်ပြရင်းပြောပြ သည်။

Tuesday, August 5, 2014

မော်​ဒယ်​ လန်းလန်း ​လေး​တွေ

ချစ်​စရာ​လေး​တွေ​​နော်

ကာတွ​န်း​လေး​တွေ

ထက်​ထက်​မိုးဦး

မထက်​တစ်​​ယောက်​ ​တော်​​တော်​ပိန်​သွားတယ်​​နော်
ဘယ်​လို​တွေ​ ၀ိတ်​ချလိုက်​လဲမသိဘူး