Thursday, December 12, 2013

ဆောင်းရာသီတွင် အလှမွေးငါးများ ရောဂါပိုမိုဖြစ်ပွားလေ့ရှိပြီး ဆေးဝါးကုသရာမှာလည်း သတိပြုရန်လိုအပ်

အလှမွေး ငါးတွေဟာ အခြားငါးတွေနှင့် မတူဘဲ ရောဂါဘယ ဖြစ်ပွားလွယ်တဲ့အပြင် အခုလို ဆောင်းရာသီမှာ ရောဂါပိုမို ဖြစ်ပွားလေ့ရှိပြီး ဆေးဝါး ကုသရာမှာလည်း အထူးသတိပြုရန် လိုအပ်ကြောင်း အလှမွေး ငါးသားဖောက် ရောင်းချနေသူတွေထံမှ သိရပါတယ်။ ဆောင်းရာသီမှာ အလှမွေးငါးတွေ ဖြစ်ပွားတတ်တဲ့ ရောဂါတွေကတော့ အဖြူကွက်၊ အဖြူစက် ရောဂါနှင့် မှိုရောဂါတွေ ဖြစ်ပါတယ်။ အဖြူကွက်နှင့် အဖြူစက် ရောဂါကတော့ အလှမွေး ငါးတွေရဲ့ ရေယက်နဲ့ ခန္ဓာကိုယ်ပေါ်မှာ အဖြူကွက်နဲ့ အဖြူစက်တွေ ဖြစ်ပေါ်လာပြီး မှိုရောဂါဆိုတာကတော့ ဆူးတောင်နဲ့ ခန္ဓာကိုယ်ပေါ်မှာ မှို ပွင့်လို အဖြူရောင် အကွက်တွေ ဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။ အဲ့ဒီရောဂါ နှစ်ခုဟာ ဖြစ်ပွားပုံ အနည်းငယ် ဆင်တူနေတဲ့အပြင် အသုံးပြုကုသရမယ့် ဆေးအမျိုးအစားကလဲ အမ်ဂျီဆေးရည်ကိုပဲ အသုံးပြု ကုသရတာကြောင့် ကုသအသုံးပြုရမယ့် ဆေးကလဲ အတူတူပဲ ဖြစ်ပါတယ်။ သုံးစွဲရမယ့်ဆေး အမျိုးအစား တူနေပေမယ့် သုံးစွဲရမယ့် ဆေးပမာဏ မတူပါဘူး။ အဲဒီလို မတူတာကြောင့် ဆေးပမာဏ လွဲမှားစွာ သုံးစွဲမိရင် အလှမွေး ငါးတွေကို သေဆုံးသွားနိုင်ကြောင်း ဖော်ပြထားကြောင်း သိရပါတယ်။
မင်းသစ္စာလှိုင်(ကဒုံကနိ

No comments:

Post a Comment