Thursday, December 12, 2013

ဆောင်းရာသီတွင် အလှမွေးငါးများ ရောဂါပိုမိုဖြစ်ပွားလေ့ရှိပြီး ဆေးဝါးကုသရာမှာလည်း သတိပြုရန်လိုအပ်

အလှမွေး ငါးတွေဟာ အခြားငါးတွေနှင့် မတူဘဲ ရောဂါဘယ ဖြစ်ပွားလွယ်တဲ့အပြင် အခုလို ဆောင်းရာသီမှာ ရောဂါပိုမို ဖြစ်ပွားလေ့ရှိပြီး ဆေးဝါး ကုသရာမှာလည်း အထူးသတိပြုရန် လိုအပ်ကြောင်း အလှမွေး ငါးသားဖောက် ရောင်းချနေသူတွေထံမှ သိရပါတယ်။ ဆောင်းရာသီမှာ အလှမွေးငါးတွေ ဖြစ်ပွားတတ်တဲ့ ရောဂါတွေကတော့ အဖြူကွက်၊ အဖြူစက် ရောဂါနှင့် မှိုရောဂါတွေ ဖြစ်ပါတယ်။ အဖြူကွက်နှင့် အဖြူစက် ရောဂါကတော့ အလှမွေး ငါးတွေရဲ့ ရေယက်နဲ့ ခန္ဓာကိုယ်ပေါ်မှာ အဖြူကွက်နဲ့ အဖြူစက်တွေ ဖြစ်ပေါ်လာပြီး မှိုရောဂါဆိုတာကတော့ ဆူးတောင်နဲ့ ခန္ဓာကိုယ်ပေါ်မှာ မှို ပွင့်လို အဖြူရောင် အကွက်တွေ ဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။ အဲ့ဒီရောဂါ နှစ်ခုဟာ ဖြစ်ပွားပုံ အနည်းငယ် ဆင်တူနေတဲ့အပြင် အသုံးပြုကုသရမယ့် ဆေးအမျိုးအစားကလဲ အမ်ဂျီဆေးရည်ကိုပဲ အသုံးပြု ကုသရတာကြောင့် ကုသအသုံးပြုရမယ့် ဆေးကလဲ အတူတူပဲ ဖြစ်ပါတယ်။ သုံးစွဲရမယ့်ဆေး အမျိုးအစား တူနေပေမယ့် သုံးစွဲရမယ့် ဆေးပမာဏ မတူပါဘူး။ အဲဒီလို မတူတာကြောင့် ဆေးပမာဏ လွဲမှားစွာ သုံးစွဲမိရင် အလှမွေး ငါးတွေကို သေဆုံးသွားနိုင်ကြောင်း ဖော်ပြထားကြောင်း သိရပါတယ်။
မင်းသစ္စာလှိုင်(ကဒုံကနိ

ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို

ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆိုကညွတ်ကို ပုံမှန်စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ်ကို စုပ် ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ် လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါ တယ်။ ဒါကြောင့် ကညွတ်ဟာ ဆီးချိုရော ဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ်လက် နက်ဖြစ်လာမယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ကြ ပါတယ်။
ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါတယ်။ မောပန်းတာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို မသိရှိနားမလည်ကြ လို့ပါ။ အဲဒါတွေကို ကုသမှုမခံယူရင် အ မျိုးအစား (၂) ဆီးချို ရောဂါကြောင့် နှလုံးတိုက်ခိုက် ခံရတာ၊ အမြင်အာရုံ ဆုံး ရှုံးတာနဲ့ ခြေပြတ်လက်ပြတ်တွေ ဖြစ်လာ နိုင်ပါတယ်။
ကညွတ်ဟာ ခန္ဓာကိုယ်ကြွက်သားနဲ့ တစ်သျှူးတွေမှ ဂလူးကို့စ်သုံးစွဲနိုင်မှု ၈၁ ရာခိုင်နှုန်း ပိုမိုမြင့်မား စေတယ်လို့ ကရာချိ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။ ကညွတ်အနှစ်ပမာဏများစွာ သုံးစွဲပါမှ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ် လုပ်မှုကို ထိရောက်စွာ အကျိုးရှိနိုင်တယ် လို့ သိရပါတယ်။
ဒေါက်တာခင်မိုးမိုး

Alcohol

ပုံမှန်သောက်ရင် အသက်ရှည်တယ်
Thursday, December 12, 2013

လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ Alcohol လုံးဝ မသောက်သုံးတဲ့ သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ခြေများတယ်လို့ သိရပါတယ်။

Alcohol ပါဝင်တဲ့ ဘီယာ၊ ၀ိုင်နဲ့ အဖျော်ယမကာတွေကို ပုံမှန်သောက်သုံးသူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အသက်ရှည်ရှည် နေထိုင်နိုင်ပြီး အလွန်အကျွံမဟုတ်တဲ့ Drinking ဖြစ်ဖို့တော့ လိုပါတယ်။

ဒါဟာ ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးထဲမှာ ပါဝင်တဲ့ ကျန်းမာရေး ဆောင်းပါးတစ်ပုဒ်ပါ။ အမေရိကန် Texas တက္ကသိုလ်မှ စိတ်ပညာရှင် ‘Charles Holahan’ ဦးဆောင်တဲ့ အဖွဲ့ဟာ လူတွေကို အသက်အရွယ် အပိုင်းအခြားလိုက် သုတေသနပြုခဲ့ပြီး ယခုကဲ့သို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

၎င်းတို့ရဲ့ ထုတ်ပြန်ချက်အရ Alcohol တစ်ခါမှ မသောက်သုံးတဲ့ သူတွေအတွက် သေဆုံးနိုင်ခြေဟာ အမြင့်ဆုံး အနေအထားမှာ ရောက်နေပြီး အလွန်အကျွံသောက်သုံးတဲ့ သူတွေအတွက်တော့ သေဆုံးနိုင်ခြေဟာ အလယ်အလတ် အဆင့်မှာ ရှိပါတယ်။ တစ်ရက်လျှင် ပျမ်းမျှ တစ်ခွက်ကနေ သုံးခွက်အထိ ပုံမှန်သောက်သုံးတဲ့ သူတွေအတွက်ကတော့ သေဆုံးနိုင်ခြေ အနည်းဆုံးဖြစ်ပါသတဲ့။

၎င်းတို့အနေနဲ့ လူအယောက် ၂၀၀၀ နီးပါးကို သုတေသနပြုခဲ့တာ ဖြစ်ပြီး ပုံမှန်သောက်သုံးသူတွေမှာ ၄၁% သာ အသေစောတာ ဖြစ်ပါတယ်။ လုံးဝမသောက်တဲ့သူတွေမှာတော့ ၆၉%လောက်က စောစောစီးစီး သေကြပြီး အလွန်အကျွံသောက်ကြတဲ့သူတွေထဲမှာ ၆၀%လောက်က အသေစောကြပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်တစ်ခုကတော့ Alcohol ဟာ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့စေဖို့ အတွက် ကြားခံပစ္စည်းတစ်ခုပါ။

ဒါ့အပြင် ပုံမှန်သောက်တဲ့သူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အခမ်းအနားတွေမှာ ပိုမိုပျော်ရွှင်မှု ရရှိပါတယ်။ ဒါကြောင့် စိတ်လက်ချမ်းသာပြီး ခန္ဓာကိုယ်ကျန်းမာရေးလည်း ကောင်းမွန်လာတာပေါ့။

Alcohol ကြိုက်တဲ့သူတွေအတွက်တော့ ၀မ်းမြောက်စရာပါပဲ။
အလွန်အကျွံမဖြစ်ဖို့တော့ အထူးလိုအပ်ပါတယ်။

ဒါပေမယ့် တစ်ခုသတိပြုရမှာက ဒါဟာ အမေရိကန်မှာလုပ်တဲ့ သုတေသနဖြစ်ပါတယ်။ သူတို့နိုင်ငံသားတွေဟာ သန်မာပြီး ခံနိုင်ရည်လည်း ရှိကြတဲ့အပြင် အဲဒီမှာရောင်းတဲ့ အရက်ဘီယာတွေဟာ အရည်အသွေးကောင်း ပါတယ်။ မြန်မာနိုင်ငံမှာကတော့ လူတွေဟာ ခံနိုင်ရည်သိပ်မရှိကြပဲ ဒီမှာရောင်းနေတဲ့ အရက်ဘီယာတွေဟာ သူတို့နဲ့ယှဉ်ရင် အရည်အသွေးညံ့နေပါတယ်။ ဒါကြောင့် သတိပြုဆင်ခြင် နိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်။

Monday, December 2, 2013

မိုးနတ်မယ်

အချိန်နှင့်အရွယ်သည် ငွေပေးဝယ်မရပါ
ငယ်ရွယ်စဉ်မှအိုလွန်သည်အထိ
ပီတိနှလုံး အပြုံးမျက်နှာ မွေးနေ့မင်္ဂလာ
မောင်မယ်စဉ်နွဲ ရွှေလက်တွဲတာ လက်ထပ်မင်္ဂလာ
ကောင်းမှုဒါန ပြုကြချိန်ခါ အလှူတော်မင်္ဂလာ
အလှတရားစုံတဲ့ ဘသဇာတ်ခုံ မီရောင်စုံအောက်မှာ
မှတ်တမ်းကောင်းလေးပြန်ကြည့်ရအောင်
မိုးနတ်မယ်  ဗွီဒီယို၊ဓါတ်ပုံ ရိုက်ကူးရေးသို့
အရောက်သာလှမ်းလာခဲ့ပါ။